မကာအိုရှိ လွတ်မြောက်ရေး တပ်မတော်၏ ၁၇ကြိမ်မြောက် စစ်တန်းလျားဖွင့်လှစ်ပွဲ ကျင်းပ

(GMT+08:00)2023-05-01 14:29:17  

ဧပြီလ ၃၀ရက်နေ့က မကာအိုတွင် တပ်စွဲထားသည့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ၁၇ ကြိမ်မြောက် စစ်တန်းလျား ဖွင့်လှစ်ခဲ့ရာ မကာအိုသူ မကာအိုသား ၁၅၀၀ကျော်သည် တပ်မတော်သားများ၏ များပြားစုံလင်သော နေထိုင်မှု ဘဝကို နီးကပ်စွာ တွေ့မြင်ခံစားခဲ့ကြပါသည်။

ယခုအကြိမ် ဖွင့်လှစ် သော စစ်တန်းလျား လှုပ်ရှားမှုတွင် အလံတော် လွှင့်ထူခြင်း အခမ်းအနား၊ စစ်ရေး လေ့ကျင့်မှု များ ပြသခြင်း၊ လက်နက်ပစ္စည်း ကိရိယာများ ပြသခြင်း၊ အနုပညာ တင်ဆက်ပြသမှု၊ စစ်တန်းလျား လှည်ပတ်ကြည့်ရှုခြင်း စသည်များ ပါဝင်ပြီး ၄င်းလှုပ်ရှားမှုသည် သာမန် မကာအိုသားများ အတွက်၂ရက်ကြာ ဖွင့်ထားမည် ဖြစ်ပါသည်။