မက္ကဆီကိုအနောက်ပိုင်းတွင် ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် ၁၈ ဦးသေဆုံးကာ ၃၃ ဦး ဒဏ်ရာရရှိ

(GMT+08:00)2023-05-01 13:13:18  

ဒေသစံတော်ချိန် ဧပြီလ ၂၉ရက်နေ့ ည၈နာရီခန့်တွင် မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း နာယာရစ်ပြည်နယ်တွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့်  လူ၁၈ဦးထက်မနည်း သေဆုံးပြီး ၃၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းယာဉ်မတော်တဆမှု ဖြစ်ပွားသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရပါသည်။