အာကာသအမြန်ချောပို့ ပို့ဆောင်တော့မည်၊အာကာသစခန်းအတွက် သစ်သီးကီလိုဂရမ်၇၀ ပို့ဆောင်မည်

(GMT+08:00)2023-05-01 13:15:17  

မေလအစောပိုင်းနှင့် အလယ်ပိုင်းတွင် ထျန်းကျိုးအမှတ် ၆ ကုန်တင်အာကာသယာဉ်ကို လွှတ်တင်မည်ဖြစ်ပါသည်။ ထျန်းကျိုးအမှတ် ၆ ဖြင့် သယ်ယူပို့ဆောင်မည့် ပစ္စည်းအမျိုးအစားများမှာ ယခင်နှင့် သပ်မကွာပေ၊ တရုတ်အာကာသစခန်းအတွက်အဓိကအားဖြင့် အဝတ်အစား၊ အစားအစာ၊ သောက်သုံးရေအပါအဝင် ပစ္စည်းများအားလုံးကီလိုဂရမ် ၇၀၀ ခန့်ကိုသယ်ယူပို့ဆောင်ပေးမည် ဖြစ်ပါသည်။ ၄င်းအနက် လတ်ဆတ်သောသစ်သီးများအလေးချိန် ကီလိုဂရမ်၇၀ ခန့်ပါဝင်ပြီးအဆိုပါအသီးများသည် ရှန်ကျိုး အမှတ်၁၅ နှင့် ရှန်ကျိုးအမှတ် ၁၆မှ အာကာသယာဉ်မှူးများ၏ အစားအစာလိုအပ်ချက်ကိုတစ်ပြိုင်နက် ဖြည့်ဆည်းပေးမည်ဖြစ်ပါသည်။