မေဒေး ရုံးပိတ်ရက်တွင် ခရီးသွားလာမှု များလာ

(GMT+08:00)2023-05-01 13:14:36  

မေဒေး ရုံးပိတ်ရက်တွင်  ပြည်သူများကခရီးသွားရန် ဆန္ဒပြင်းကြပါသည်။ ဧပြီလ ၃၀ ရက်နေ့တွင် တရုတ်ပြည်တစ်ပြည်လုံးတွင်လေကြောင်းဖြင့်ခရီးသည် ၁၈.၁ သိန်းကိုပို့ဆောင်ရန်ခန့်မှန်းပြီး ရထားလမ်းဖြင့်ခရီးသည် ၁၈ သန်းကိုပို့ဆောင်ရန် ခန့်မှန်ကာ ကားလမ်းနှင့် ရေလမ်းတွင် စုစုပေါင်းခရီးသည် ၃၂.၅ သန်းကိုပို့ဆောင်ရန် ခန့်မှန်းထားပါသည်။ ခရီးသွားနေရာများစွာတွင် တစ်ရက်တည်းမှာခရီးသည်ဦးရေသမိုင်းတွင်အများဆုံးဖြစ်လာပြီး ကွမ်ကျိုး၊ ချမ်တူး၊ ဘေကျင်း၊ ရှင်းကျင့်၊ ဟန်ကျိုး၊ ရှန်ဟိုင်းနှင့် ရှီးအန်းစသည့် မြို့များသည် ရေပန်းအစားဆုံးခရီးသွားနေရာများ ဖြစ်လာခဲ့ပါသည်။