နော်ဝေးနိုင်ငံတွင် Euthanasia သေဆုံးမှု ခံရသော ပင်လယ်ရေဆင် 'Freja' ကို အထိမ်းအမှတ် ပြု

(GMT+08:00)2023-04-30 10:11:45  

ဒေသစံတော်ချိန် ဧပြီလ ၂၉ ရက်နေ့တွင် နော်ဝေးနိုင်ငံ အော်စလိုမြို့တွင် ပင်လယ်ရေဆင်'Freja' ၏ ပန်းပုရုပ်တုကို စတင်ပြသခဲ့သည်။ ၂၀၂၂ခုနှစ်သြဂုတ်လတွင် 'Freja' အတွက် Euthanasia သေဆုံးမှု လုပ်ပေးရန် ငါးဖမ်းလုပ်ငန်း ဦးစီးဌာနက ဆုံးဖြတ်ခဲ့ပြီး အကြောင်းရင်းမှာ လူအများက ယင်းဌာန တိုက်တွန်းထားသည့်အတိုင်း အထက်ပါ ကီလိုဂရမ် ၃၀၀ အလေးချိန် ရှိသော တိရစ္ဆာန်နှင့် အကွာအဝေး မထား နိုင်ခြင်းကြောင့် ဖြစ်ကြောင်း သတင်းရရှိပါသည်။