မြန်မာနိုင်ငံ ဒေသများစွာ၌ အပူချိန် နှစ် ၆၀ နီးပါးအတွင်း အမြင့်ဆုံး ဖြစ်ပြီး အပူဒဏ်ကြောင့် လူ ၁၀ ဦးကျော် သေဆုံး

(GMT+08:00)2023-04-30 09:27:25  

   ယခုနှစ် ဧပြီလကစပြီး မြန်မာနိုင်ငံ ဒေသအသီးသီး၌ အပူချိန် ဆက်တိုက် တိုးမြင့် လာပြီး လက်ရှိ အချိန်အထိ မြို့ လေးမြို့ထက်မနည်း အပူချိန်သည် နှစ် ၆၀ နီးပါးအတွင်း အမြင့်ဆုံး ဖြစ်လာကာ အလယ်ပိုင်းနှင့် အနောက်ပိုင်း ဒေသအချို့၌ အပူချိန်သည် ၄၄ ဒီဂရီ စင်တီဂရိတ် အထိတောင် မြင့်တက်လာကြောင်း၊ ၂၀၂၃ ခုနှစ်သည် မှတ်တမ်းတင် အပူဆုံးသော နှစ်တစ်နှစ် ဖြစ်သည်ဟု မိုးလေဝသ ကျွမ်းကျင်ပညာရှင်က ပြောဆိုကြောင်း၊ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် အပူဒဏ်ကြောင့် လူ ၁၀ ဦးကျော် သေဆုံးခဲ့ပြီ ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။