Yoon Suk-yue ၏ အမေရိကန်နှင့် သံတမန်ဆက်ဆံရေးသည် အရှက်တရားကျသည်ဟု တောင်ကိုရီးယား အကြီးဆုံးအာဏာလက်မဲ့ပါတီ ပြစ်တင်ဝေဖန်

(GMT+08:00)2023-04-30 09:23:08  

ဒေသစံတော်ချိန် ၂၈ ရက်နေ့ကတောင်ကိုရီးယားနိုင်ငံ အကြီးဆုံးအာဏာလက်မဲ့ပါတီ ဖြစ်သည့် ဘုံဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ Lee Jae-myung က တောင်ကိုရီးယားသမ္မတYoon Suk-yue ၏ အမေရိကန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးသည် အရှက်တရားကျသည်ဟု ပြစ်တင်ဝေဖန် ခဲ့သည်။

တောင်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲတွင် တောင်ကိုရီးယားဘက်မှ တစ်အားကုန် ပေးအပ်မှုပုံစံဖြင့် ပြီးဆုံးခဲ့ကြောင်း၊Chips and Science Act နှင့် Inflation Reduction Actဆိုင်ရာ သော့ချက်ကျသောကိစ္စရပ်များတွင် Yoon Suk-yueအစိုးရသည် မိမိနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းနှင့် ကုမ္ပဏီများကိုအကာအကွယ်ပေးမှု လုံးဝမရှိကြောင်း၊ Yoon Suk-yue၏ ယူကရိန်းပြဿနာ အပါအဝင် ပြဿနာများအပေါ် ရပ်တည်ချက်လည်း မသင့်လျော်ဖွယ်ရာ များစွာ ရှိကြောင်း၊ နယ်ပယ် များစွာတွင် မိမိနိုင်ငံမသည်းခံနိုင်သော အလျှော့ပေးမှုကို ပြုလုပ်ခဲ့ကြောင်းLee Jae-myungက ဆိုသည်။

       ၂၆ ရက်နေ့ကYoon Suk-yueသည် ဝါရှင်တန်မြို့၌ အမေရိကန်သမ္မတဘိုင်ဒန်နှင့် တွေ့ဆုံဆွေးနွေးပြီး တောင်ကိုရီးယား-အမေရိကန် ထိပ်သီးခေါင်းဆောင်များ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ Yoon Suk-yueအစိုးရ၏ ဦးဆောင်မှုဖြင့် တောင်ကိုရီးယားနိုင်ငံသည် စစ်အေးတိုက်ပွဲသစ်၏ ဗဟိုနေရာသို့ ဦးတည်သွားနေကြောင်းတောင်ကိုရီးယားနိုင်ငံ ပြည်တွင်းမီဒီယာများကစိုးရိမ်မကင်း ပြစ်တင် ဝေဖန်ကြသည်။