ကျက်ကျန်းပြည်နယ်၏ “အနာဂတ်စက်ရုံ”များ

(GMT+08:00)2023-04-29 13:38:29  

 ယခုနှစ်များတွင် တရုတ်နိုင်ငံ ကျက်ကျန်းပြည်နယ်သည် “ဒစ်ဂျစ်တယ်စက်ရုံ၊ စမတ်စက်ရုံ၊ အနာဂတ် စက်ရုံ” ဖြစ်သည့် အဆင့်ကာလ အစီအစဉ် အတိုင်း “အနာဂတ်စက်ရုံ”များ တည်ဆောက်ရေးပုံစံကို စူးစမ်းဖေါ်ဆောင်နေပါသည်။ လက်ရှိအချိန်တွင် ပြည်နယ် အဆင့် “အနာဂတ်စက်ရုံ” ၅၂ ရုံကို သတ်မှတ်ပြီ ဖြစ်ပြီး သတင်း အချက်အလက်နည်းပညာ၊ စွမ်းအင်သစ်သုံး မော်တော်ကား၊ စက်ကိရိယာ ဆောက်လုပ်ရေး၊ အိမ်သုံးပစ္စည်း၊ အထည်အလိပ် စသည့် လုပ်ငန်းနယ်ပယ်များ ပါဝင်ပါသည်။ ယင်း “အနာဂတ်စက်ရုံ” များသည် မျိုးဆက်သစ် သတင်းအချက်အလက်နည်းပညာနှင့် ခေတ်မီ ထုတ်လုပ်ရေး နည်းပညာများကို ရောနှောပေါင်းစပ် အသုံးပြုနေပြီး ကျက်ကျန်းပြည်နယ်၏ စမတ် ထုတ်လုပ်ရေးဆိုင်ရာ စံပြ လုပ်ငန်းဌာနများ ဖြစ်သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။