၁၂၈ကြိမ်မြောက်တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကြပ်မတ်မှု ပြီးဆုံး

(GMT+08:00)2023-04-29 13:45:50  

ဧပြီလ၂၈ရက်နေ့က ၁၂၈ကြိမ်မြောက်တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ပူးတွဲကြပ်မတ်ရေးလှုပ်ရှားမှုတွင်ပါဝင်သည့်တရုတ်သင်္ဘောနှစ်စင်းသည်တရုတ်နိုင်ငံရှစ်ဆောင်ပနားရှိကျင်ဟာဆိပ်ကမ်းတွင် ချောမောစွာဆိုက်ကပ်ခဲ့ပြီး ကင်းလှည့်မှု အောင်မြင်စွာပြီးဆုံးပါသည်။

အဆိုပါလှုပ်ရှားမှုကိုဧပြီလ၂၅ရက်နေ့မှစတင်ခဲ့ခြင်း ဖြစ်သည်။ တရုတ်၊လာအို၊ မြန်မာနှင့်ထိုင်းနိုင်ငံတို့မှ ဥပဒေ ကျင့်သုံးရေးဌာနများသည် ရေယာဉ်၇စီးနှင့်ဥပဒေ ကျင့်သုံးရေးအဖွဲ့အဖွဲ့ဝင်၁၄၉ဦးတို့ကို စေလွှတ်ခဲ့ပြီး စုစုပေါင်းခရီးစဉ် ကီလိုမီတာ ၆၀၀ရှိကြောင်းသိရသည်။ အဆိုပါလှုပ်ရှားမှုအတွင်း တရုတ်နှင့်လာအိုရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပြီး မော်တော်ယာဉ်စုစုပေါင်း၁၇၈စီး၊လူဦးရေ၄၅၀ ကျော်နှင့်ကုန်ပစ္စည်းတန်ချိန်၁၂၀ ကျော်တို့ကိုစစ်ဆေးခဲ့ကာမြစ်ဝှမ်းတစ်လျှောက်တရားမဝင် ပြစ်မှုကျူးလွန်မှုများကိုတားဆီးနှိမ်နင်းခဲ့သည်။