တရုတ်-လာအိုရထားဖြင့် သစ်သီးတန်ချိန် ၁သောင်းကျော် တရုတ်နိုင်ငံသို့ ဝင်ရောက်

(GMT+08:00)2023-04-29 13:51:06  

၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ယူနန်ပြည်နယ် မိုဟန် ရထား နယ်စပ်ဂိတ်တွင် တင်သွင်းသည့်သစ်သီးများ စောင့်ကြည့်ရေးနေရာ ဖွင့်လှစ်ခဲ့ပြီးနောက် တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်းလာသည့် သစ်သီးပမာဏ တိုးများလာကြောင်း၊ ယခုနှစ် ဧပြီလ ၂၈ ရက်နေ့အထိ တရုတ်-လာအိုရထားလမ်းမှ တင်သွင်းလာသော မင်းဂွတ်သီးနှင့် ဒူးရင်းသီး စသည့်သစ်သီးများ တန်ချိန် ၁သောင်း ၁ထောင်ကို သယ်ယူပို့ဆောင်ခဲ့ပြီး တရုတ်ပြည်တွင်း သစ်သီးဈေးကွက်ကို အားဖြည့် ပေးခဲ့ကြောင်း China Railway Kunming Group Co.,Ltd.မှ သတင်းရရှိပါသည်။