ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အစည်းအဝေးကို ကြီးမှူးကျင်းပ၊ မျက်မှောက် စီးပွားရေး အခြေအနေနှင့် စီးပွားရေး လုပ်ငန်းများကို လေ့လာဆွေးနွေး

(GMT+08:00)2023-04-29 16:28:51  

ဧပြီလ ၂၈ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် အစည်းအဝေးကို ကျင်းပပြီး မျက်မှောက် စီးပွားရေး အခြေအနေနှင့် စီးပွားရေး လုပ်ငန်းများကို လေ့လာတိုင်ပင်ဆွေးနွေးခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ် အကြောင်းအရာများကို လေးနက်စွာ လေ့လာ ဖေါ်ဆောင်ရမည် ဖြစ်ပြီး ဗဟို စီးပွားရေးလုပ်ငန်း အစည်းအဝေးမှ ရည်မှန်းချက် အကြောင်းအရာများကို ထိရောက်စွာ အကောင်အထည် ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံရေး ဖြစ်သည့် အခြေခံမူကို စွဲကိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်သစ်ကို ပြည့်စုံပြီး တိကျမှန်ကန်စွာ ဘက်စုံ ဖေါ်ဆောင်ရမည် ဖြစ်ကာ ဖွံ့ဖြိုး တိုးတက်ရေး အခြေအနေသစ်ကို ပိုမို လျင်မြန်စွာ ထူထောင်ရမည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးလုပ်ငန်းကို ဘက်စုံ ဇောက်ချ ပြုလုပ်ပြီး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အားကောင်းသော တွန်းအား ဖြစ်တည် လာအောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖေါ်ပြထားသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။