အင်ဂိုလာတွင် မိုးသည်းထန်စွာရွာသွန်းမှုဘေးသင့်တာကြောင့် ရှီကျင့်ဖိန်သည် အင်ဂိုလာသမ္မတLourençoအား ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

(GMT+08:00)2023-04-29 13:40:43  

အင်ဂိုလာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှု ဘေးသင့်ခြင်းနှင့်ပတ်သက်ပြီး ဧပြီလ ၂၇ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အင်ဂိုလာသမ္မတLourençoအား ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။ 

ရှီကျင့်ဖိန်က အင်ဂိုလာနိုင်ငံLuandaမြို့တော် အပါအဝင် ဒေသအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ပြင်းထန်ဆိုးဝါးသော လူသေကျေဒဏ်ရာရရှိမှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းအပေါ် မိမိသည် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား သေဆုံးသူများအပေါ် လေးနက်စွာ ဝမ်းနည်းကြေကွဲကြောင်းဖော်ပြပြီး ကျန်ရစ်သူမိသားစုများ၊ ဒဏ်ရာရရှိသူများနှင့် ဘေးသင့်ဒေသ ပြည်သူများအပေါ် စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ပါကြောင်း၊ အင်ဂိုလာနိုင်ငံသည် အခက်အခဲများကိုကျော်လွှားပြီး ဇာတိရပ်ရွာကို ပြန်လည်တည်ဆောက်နိုင်မည်ဟုယုံကြည်ပါကြောင်းဖေါ်ပြပါသည်။