စန်းတုန်းပြည်နယ် လင်စူခရိုင်တွင် မိုးမခသစ်ကိုင်းရက် လက်မှုပစ္စည်းများ အရောင်းကောင်းနေ

(GMT+08:00)2023-04-29 13:47:12  

  စန်းတုန်းပြည်နယ် လျောင်ချင်မြို့ လင်စူခရိုင်တွင် အလုပ်သမားများသည် မိုးမခ သစ်ကိုင်းရက်လက်မှုပစ္စည်းများကို အချောကိုင်၊ အခြောက်လှမ်း၊ ထုပ်ပိုးနေပါသည်။ လင်စူ ခရိုင်သည် မိုးမခသစ်ကိုင်းရက်လက်မှုပစ္စည်း၏ ဇာတိမြေဟု အခေါ်အဝေါ် ရှိပြီး ၂၀၂၁ ခုနှစ်တွင် လင်စူခရိုင် မိုးမခသစ်ကိုင်းရက် လက်မှုပစ္စည်းသည် ပဉ္စမ အသုတ် အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ဝင်ခဲ့ပါသည်။ လက်ရှိအချိန်တွင် လင်စူခရိုင်တွင် မိုးမခသစ်ကိုင်းရက်လက်မှုပစ္စည်း လုပ်ကိုင်သူဦးရေ ၁ သိန်းကျော် ရှိပြီး ၂၀၂၂ ခုနှစ်တွင် ထုတ်လုပ်မှုတန်ဖိုး ယွမ် သန်း ၄၀၀၀ ရှိသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။