အားကောင်းသူက အားနည်းသူကို အနိုင်ကျင့်ခြင်း၊ ဖောက်လွှဲဖောက်ပြန် ပြုကျင့်ခြင်းနှင့် နယ်ချဲ့ကျူးကျော်ခြင်းမှန်သမျှ သေချာပေါက် ရှုံးနိမ့်မည်ဟု အမေရိကန်အားခုခံပြီး မြောက်ကိုရီးယားအား စစ်ကူပေးသည့်စစ်ပွဲ အောင်မြင်ခြင်း အဖြစ်မှန်က ပြသ

(GMT+08:00)2023-04-29 16:06:35  

တောင်ကိုရီးယား သမ္မတ Yoon Seok hyuk က အမေရိကန် လွှတ်တော်၌ မိန့်ခွန်း ပြောကြားရာတွင်၊ အမေရိကန် ရေတပ် မရိန်းတပ်ဖွဲ့မှ အမှတ်(၁) တပ်မသည်  Chosin Reservoir စစ်ပွဲတွင် တရုတ်ပြည်၏ လူအလုံးအရင်းဖြင့် စစ်တိုက်နည်းကို ထိုးဖောက်ပြီး အံ့ဖွယ်ရာရလဒ်ကို ရရှိခဲ့သည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အမေရိကန်အားခုခံပြီး မြောက်ကိုရီးယားအား စစ်ကူပေးသည့်စစ်ပွဲ မွန်မြတ်စွာ အောင်မြင်ခြင်းသည် တရုတ်နိုင်ငံ အတွက်ရော ကမ္ဘာကြီး အတွက်ပါ နက်ရှိုင်းပြီး အရေးကြီးသည့် အဓိပ္ပါယ် ရှိပါကြောင်း၊ မည်သည့်နိုင်ငံ မဆို၊ မည်သည့်တပ်ဖွဲ့ မဆို သမိုင်းရေစီးကြောင်း၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ပြီး အားကောင်းသူက အားနည်းသူကို အနိုင်ကျင့်ခြင်း၊ ဖောက်လွှဲဖောက်ပြန် ပြုကျင့်ခြင်းနှင့် နယ်ချဲ့ကျူးကျော်ခြင်းကို ပြုလုပ်ပါက သေချာပေါက် ရှုံးနိမ့်မည်ဟု အထက်ပါ စစ်ပွဲ အောင်မြင်ခြင်း သံမဏိလို ခိုင်ခံ့သော အဖြစ်မှန်က ပြသကြောင်း ယခုလ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။