ဧပြီလတွင် အိန္ဒိယသည် ကမ္ဘာ့လူဦးရေအများဆုံးသော နိုင်ငံဖြစ်လာမည်ဟု ကုလသမဂ္ဂ ခန့်မှန်း

(GMT+08:00)2023-04-29 13:49:22  

ကုလသမဂ္ဂမှ ကမ္ဘာ့လူဦးရေဆိုင်ရာ ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံသည် ဧပြီလတွင် ကမ္ဘာ့လူဦးရေ အများဆုံးသော နိုင်ငံ ဖြစ်လာမည်ဟု ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးဌာနက ဧပြီလ ၂၄ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ ဧပြီလ လကုန်တွင် အိန္ဒိယနိုင်ငံ၏ စုစုပေါင်းလူဦးရေသည် ၁၄၂၅.၈ သန်း ရှိမည်ဖြစ်ပြီး လာမည့် ဆယ်စုနှစ်များတွင် ဆက်လက်တိုးသွားမည်ဟု ခန့်မှန်းထားကြောင်း ယင်းသတင်းတွင် ဖော်ပြခဲ့ပါသည်။