ယန်းထိုင်မြို့တွင်Genghaiအမှတ်၁ ဒုတိယအဆင့်ပရောဂျက် စတင်လည်ပတ်

(GMT+08:00)2023-04-29 13:42:53  

ဧပြီလ ၂၈ ရက်နေ့က စန်းတုန်းပြည်နယ် ယန်းထိုင်မြို့ လိုင်ရှန်းခရိုင်ရှိ Genghaiအမှတ် ၁ ပင်လယ် မွေးမြူရေးခြံ ဒုတိယအဆင့် ပရောဂျက်သည် စတင် လည်ပတ်ခဲ့ပြီဖြစ်သည်။ Genghaiအမှတ် ၁တွင် ရေလုပ်ငန်း၊ ပင်လယ် ခရီးသွားလာရေး၊ အပန်းဖြေငါးဖမ်းခြင်း၊ စားသောက်တည်းခိုရေး၊ သိပ္ပံပညာသုတေသနပြုရေးနှင့် သိပ္ပံအသိပညာပေးရေး စသည်တို့ပါဝင်ပြီး ခေတ်မီပင်လယ်ငါးဖမ်းလုပ်ငန်း၊ အဏ္ဏဝါ အင်ဂျင်နီယာနည်းပညာနှင့် အဏ္ဏဝါ ယဉ်ကျေးမှု ခရီးသွားလာရေးတို့ နက်ရှိုင်းစွာ ရောနှောပေါင်းစပ်မှုကိုဆန်းသစ်ဖော်ဆောင်နေပါသည်။