ချင်ရှီဟွမ် ဘုရင်၏ ဂူသင်္ချိုင်း ပြတိုက်သို့ လည်ပတ်သည့် ခရီးသည် ဆက်တိုက် တိုးလာ

(GMT+08:00)2023-04-28 11:29:11  

မေဒေး နိုင်ငံတကာ အလုပ်သမားများနေ့ ရုံးပိတ်ရက်နီးလာသည်နှင့် တရုတ်နိုင်ငံ ရှန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် တည်ရှိသည့် ချင်ရှီဟွမ် ဘုရင်၏ ဂူသင်္ချိုင်း ပြတိုက်သို့ လာရောက်လည်ပတ်သော ခရီးသည် များလာပြီး တစ်ရက်လျှင် ခရီးသည် ဦးရေပေါင်း ၅ သောင်းကျော်ရှိပါသည်။