စတုတ္ထအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာ့အချက်အလက်ဖိုရမ် ကျင်းပပြီးစီး

(GMT+08:00)2023-04-28 10:20:23  

ဧပြီလ ၂၇ရက်နေ့က စတုတ္ထအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာ့အချက်အလက် ဖိုရမ်ကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြီးစီးခဲ့ရာ ဟန်ကျိုးကြေညာစာတမ်းကို တရားဝင်ထုတ်ပြန်ခဲ့ပါသည်။

ဟန်ကျိုးကြေညာစာတမ်းတွင် ၂၀၃၀ပြည့်နှစ် ကုလသမဂ္ဂဆက်တိုက်ဖွံ့ဖြိုးတိုးတက် ရေးဖြစ်စဉ်ကို အကောင်အထ်ာဖော်ဖို့ တွန်းအားပေးရန်အတွက် အချက်အလက်စီမံ အုပ်ချုပ်ရေးကိုအဓီကထားပြီးဖော်ပြထားပါသည်။ ၄င်းကြေညာစာတမ်းတွင် အရည်အသွေး မြင့်၊ အချိန်မီ၊ တံခါးဖွင့်ပြီး အားလုံးပါဝင်နိုင်သော အချက်အလက်သည် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် အရှိန်မြင့် အကောင်အထည်ဖော်ရန်နှင့် အကျပ်အတည်း များကို ရင်ဆိုင်ကျော်လွှားရန် အလွန် အရေးကြီးကြောင်း ဖော်ပြထားပါသည်။

ယခုအကြိမ်ဖိုရမ်တွင် စတုရန်းမီတာ၂၀၀၀ ကျယ်ဝန်းသော ပြသဇုန်ကို သီးသန့် ထားရှိခဲ့ပါသည်။ ၄င်းထဲတွင် တရုတ်စမတ်စာရင်းအင်းပြသဇုန်သို့ လာရောက်ကြည့်ရှုသူ အလွန်များပြားပါသည်။ Big Data၊ AI နှင့် Machine learning တို့သည် အာရုံစိုက်မှု အများဆုံးခံရသော နည်းပညာနယ်ပယ်၃ခု ဖြစ်လာခဲ့ပါသည်။