တရုတ်နိုင်ငံတော်ရုက္ခဗေဒဥယျာဉ်တွင် အဖိုးတန်ပြီးရှားပါးသော မျိုးသုဉ်းလုနီး ရုက္ခပင် အမျိုးပေါင်းတစ်ထောင်နီးပါးကို စုဆောင်းထားပြီ

(GMT+08:00)2023-04-28 10:20:01  

    ဧပြီလ ၁၈ရက်နေ့က တရုတ်နိုင်ငံတော်ရုက္ခဗေဒဥယျာဉ်ကို ပေကျင်းမြို့၌ တရားဝင် ဖွင့်လှစ်ခဲ့ပါသည်။ ယခုအချိန်တွင် တရုတ်နိုင်ငံတော်ရုက္ခဗေဒဥယျာဉ်သည် ရုက္ခပင် အမျိုးအစား အရင်းအမြစ်ဆိုင်ရာ အခြေခံစုံစမ်းစစ်ဆေးမှုကို ပြုလုပ်ပြီးစီးပြီး ကမ္ဘာဒေသအရပ်ရပ်မှ အဖိုးတန်ပြီးရှားပါးသော မျိုးသုဉ်းလုနီး ရုက္ခပင် အမျိုးပေါင်းတစ်ထောင်နီးပါး အပါအဝင် ရုက္ခပင်အမျိုးပေါင်း ၁သောင်း ၇ထောင်ကျော်ကို စုဆောင်းကာ ရုက္ခပင် နမူနာ ၃သန်းကျော်ကို စုဆောင်းထားပြီဖြစ်ပါသည်။