ဝမ့်လိရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများ အထူးပြပွဲ ဖွင့်လှစ်

(GMT+08:00)2023-04-28 10:20:46  

ဧပြီလ၂၈ရက်နေ့မှစ၍ ရောင်စုံမင်မင်းဆက်၁၅၇၃ကြုံတွေ့ခြင်း - ဝမ့်လိရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းများ အထူးပြပွဲကို တရုတ်အမျိုးသားဂန္တဝင်ကျမ်းစာပြတိုက်တွင် အများပြည်သူသို့ တရားဝင်ဖွင့်လှစ်ပေးမည် ဖြစ်ပါသည်။ ၄င်းပြပွဲတွင် မင်မင်းဆက် ဘုရင်ဝမ့်လိ နန်းစံခဲ့သည့် ၄၈နှစ်အတွင်းတွင် နန်းတွင်းကျင့်ဝတ်၊ နေ့စဉ်နေထိုင်မှုဘဝ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးစသည့်အကြောင်းအရာများ ပါဝင်ပါသည်။ ပွဲကြည့် ပရိသတ်များသည် မင်မင်းဆက်ရသစုံလင်ကို ကြည့်ရှုခံစားသည့်တစ်ချိန်တည်းတွင် မင်မင်းဆက်ခေတ်က ကြွယ်ဝသော လူမှုစီးပွားရေးနှင့် ယဉ်ကျေးမှုဘဝကိုလည်း ပိုမို သိရှိနားလည်နိုင်ကြပါသည်။