အီတလီနိုင်ငံ ဗင်းနစ်မြို့၌ ပြည်သူများသည် ထီးကိုင်ပြီး နှင်းဆီပန်းငုံပုံကို ဖန်တီးကြ

(GMT+08:00)2023-04-27 14:44:15  

ဧပြီလ ၂၅ရက်နေ့က အီတလီနိုင်ငံ ဗင်းနစ်မြို့ San Marco ရင်ပြင်၌ San Marcoနေ့ကို ဂုဏ်ပြုရန်အတွက် လူ၃၊၄ရာတို့သည် ထီးကိုင်ပြီး ကြီးမားသော နှင်းဆီပန်းငုံပုံကို ဖန်တီးခဲ့ ကြပါသည်။ ဤနေ့တွင်ပင် ဗင်းနစ်မြို့ အမျိုးသားများသည် အချစ်သံယောဇဉ်ကို ဖော်ပြရန်အတွက် ၎င်းတို့၏ချစ်သူများအား နှင်းဆီပန်းကို လက်ဆောင်ပေးလေ့ရှိပါသည်။