တရုတ်တပ်မတော်သည် ဆူဒန်ရှိ တရုတ်နိုင်ငံသားများကို အရေးပေါ် ရွှေ့ပြောင်းပေးရန်အတွက် စစ်သင်္ဘောကို စေလွှတ်

(GMT+08:00)2023-04-27 14:16:55  

    တရုတ်တပ်မတော်က ဆူဒန်ရှိ တရုတ် နိုင်ငံသားများကို အရေးပေါ် ရွှေ့ပြောင်းပေးရန်အတွက် စစ်သင်္ဘောကို စေလွှတ်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Tan Kefeiက ယခုရက်များတွင် ဆူဒန်လုံခြုံရေးအခြေအနေ ဆက်တိုက် ဆိုးရွားသွားကြောင်း၊ ဆူဒန်ရှိ တရုတ်နိုင်ငံသားများ၏ အသက်နှင့်ဓနဥစ္စာလုံခြုံရေးကို ကာကွယ် ထိန်းသိမ်းရန်အတွက် ညီညွတ်သောစီစဉ်မှုအရ တရုတ်တပ်မတော်သည် ဆူဒန်ရှိ တရုတ်နိုင်ငံသားများကို ရွှေ့ပြောင်းပေးရန်အတွက် ပီကင်းစံတော်ချိန် ဧပြီလ ၂၆ရက်နေ့က စစ်သင်္ဘောကို ဆူဒန်သို့ စေလွှတ်ခဲ့ပြီဖြစ်ကြောင်း၊ ဧပြီလ ၂၇ရက်နေ့က ပြောကြားပါသည်။