တရုတ်တရားဥပဒေကျင့်သုံးဆောင်ရွက်ရေးအရာရှိများအား ကန်မှ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် ကန်တရားဥပဒေကျင့်သုံး ဆောင်ရွက်ရေးဌာနအား တည်ကြည်လေးနက်စွာ အရေးဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်

(GMT+08:00)2023-04-27 14:11:55  

မကြာသေးမီက အမေရိကန်တရားရေးဝန်ကြီးဌာနက “နိုင်ငံဖြတ်ကျော်ဖိနှိပ်မှု”ဟူသည်ကို မလိုမုန်းထားစိတ်ဖြင့် ဖန်တီးပြီး အထောက်အထားများကို မဟုတ်မမှန် လီဆယ်ပြောဆိုကာ တရုတ်ရဲအဦး၄၀စသည့် တရုတ်အစိုးရအရာရှိများကို တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ဧပြီလ ၂၆ရက်နေ့က တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ် သည် ဘေကျင်းမြို့ အခြေစိုက် အမေရိကန်တရားရေးဝန်ကြီးဌာန၊ FBIမှ ကိုယ်စားလှယ်များအား တည်ကြည်လေးနက်စွာ အရေးဆိုပြီး ပြင်းပြင်းထန်ထန် ကွန့်ကွက်ကြောင်း ဖော်ပြခဲ့ပါသည်။
တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် အမေရိကန်နိုင်ငံ၏“နိုင်ငံဖြတ်ကျော် ဖိနှိပ်မှု” ဟူသည်ကို မလိုမုန်းထားစိတ်ဖြင့် ဖန်တီးခြင်း အပေါ် ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး အမေရိကန်တရားဥပဒေစိုးမိုးရေးဌာနမှ ရာဇဝတ်မှုများဖြင့် နိုင်ငံရေးခြယ်လှယ်မှု ပြုလုပ်ခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကာ အမေရိကန်တရားဥပဒေစိုးမိုးရေးဌာန၏ တရားဥပဒေကျင့်သုံးဆောင်ရွက်ရေးကို အကြောင်းပြုပြီး အမေရိကန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကာ တရုတ်နိုင်ငံအပေါ် မဟုတ်မှန်ပုတ်ခတ်ပြောဆိုခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ အမေရိကန်တရားဥပဒေစိုးမိုးရေးဌာန၏ လုပ်ရပ် များသည် အဖြစ်မှန်များ၊ ကျင့်ဝတ်များနှင့် တရားဥပဒေစိုးမိုးရေးစိတ်ဓာတ်ကို ချိုးဖောက် ကျူးလွန်သဖြင့် တရုတ်နိုင်ငံအနေဖြင့် ယင်းကို ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်မိပြီး အမေရိကန်နိုင်ငံအား နိုင်ငံရေးခြယ်လှယ်မှုနှင့် တရားဥပဒေဗိုလ်ကျစိုးမိုးမှုကို ချက်ချင်းရပ်စဲရန် တောင်းဆိုကြောင်း ဖော်ပြပါသည်။