တရုတ်-အလယ်အာရှထိပ်သီးအစည်းအဝေးကို မေလ Xi'an မြို့၌ ကျင်းပမည်

(GMT+08:00)2023-04-27 14:15:27  

    တရုတ်-အလယ်အာရှ နိုင်ငံခြားရေးဝန်ကြီးများ စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၂၇ရက်နေ့တွင် Shaanxi ပြည်နယ် Xi'an မြို့၌ ကျင်းပပါသည်။ ဘက်အသီးသီးတို့သည် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် မေလတွင် Xi'an မြို့၌ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဟု ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်က ယင်းတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ကြေညာခဲ့ပါသည်။