ပန်ဒါဝက်ဝံ Zhima ၏ ၆နှစ်မြောက် မွေးနေ့

(GMT+08:00)2023-04-26 15:01:58  

ဧပြီလ ၂၄ရက်နေ့က တရုတ်နိုင်ငံ Chengdu ပန်ဒါဝက်ဝံ မွေးမြူရေး သုတေသနစခန်းတွင် ပန်ဒါဝက်ဝံ Zhima ၏ ၆နှစ်မြောက် မွေးနေ့ပွဲကို ကျင်းပခဲ့ပါသည်။ ပန်ဒါဝက်ဝံ Zhima သည် ၂၀၁၇ခုနှစ် ဧပြီလ ၂၄ရက်နေ့တွင် မွေးဖွားခဲ့ခြင်း ဖြစ်ပြီး ၃၁ကြိမ်မြောက် ကမ္ဘာ့တက္ကသိုလ်ကျောင်းသားများ နွေရာသီ အားကစားပွဲတော် လာဘ်ကောင်အရုပ်လေး Rongbao ၏ မူရင်းပုံစံ ဖြစ်ပါသည်။