တရုတ်-အလယ်အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ချင်ကန် ဦးစီးကျင်းပမည်

(GMT+08:00)2023-04-26 15:01:12  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန် သည် ဧပြီလ ၂၇ရက်နေ့တွင် Shaanxi ပြည်နယ် Xi'an မြို့တွင် တရုတ်-အလယ်အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ဦးစီးကျင်းပမည် ဖြစ်ကြောင်း၊ ကာဇက်စတန် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Murat Nurtleu ၊ ကာဂျစ်စတန်နိုင်ငံခြားရေး ဝန်ကြီး Kulubaev Zheenbek Moldokanovich ၊ တာဂျစ်ကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Sirojiddin Muhriddin ၊ တပ်မင်နစ္စတန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး(၁) Vepa Hajiyev ၊ ဥဇဘက်ကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Bakhtiyor Saidov တို့သည် တရုတ်နိုင်ငံသို့ လာရောက်ပြီး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ကြမည် ဖြစ်ကြောင်း ဧပြီလ ၂၅ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ မော်နင် က ၂၀၂၂ခုနှစ် ဇွန်လက တရုတ်-အလယ်အာရှနိုင်ငံ များမှ နိုင်ငံခြားရေးဝန်ကြီးများ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပစဉ် အတောအတွင်း ဘက်အသီးသီးတို့သည် တရုတ်-အလယ်အာရှထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲစနစ်ကို ထူထောင်ရန် သဘောတူညီမှု ရရှိခဲ့ကြကြောင်း၊ ဘက်အသီးသီးတို့၏ သဘောတူညီမှုအရ ပထမအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံမှ ကြီးမှူးကျင်းပမည် ဖြစ်ကြောင်း၊ ယခုအကြိမ်နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲ၏ အဓိကတာဝန်မှာ ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင် ရန်အတွက် ဘက်စုံနိုင်ငံရေးပြင်ဆင်မှုများ ပြုလုပ်ရန်ပင် ဖြစ်ကြောင်း၊ ၆နိုင်ငံတို့သည် ထိပ်သီးအစည်းအဝေး၏ အစီအစဉ်များ၊ တရုတ်-အလယ်အာရှနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများနှင့် အတူတကွအလေးထားကြသော နိုင်ငံတကာနှင့်ဒေသတွင်း ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။