ဘိုင်ဒင်သည် ၂၀၂၄ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု တရားဝင် ကြေညာ

(GMT+08:00)2023-04-26 15:00:31  

    အမေရိကန်သမ္မတ၊ ဒီမိုကရက်တစ်ပါတီဝင် ဘိုင်ဒင်သည် ၂၀၂၄ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ၂၅ ရက်နေ့က တရားဝင် ကြေညာခဲ့ပါသည်။ ထိုနေ့တွင် ဘိုင်ဒင်က ဗီဒီယိုတစ်ခုထုတ်ပြန်ခဲ့ရာ ၎င်းဆုံးဖြတ်ချက်ကို တရားဝင်ကြေညာပြီး ရီပတ်ဘလီကန်ပါတီ၏ အစွန်းရောက်အင်အားစုများကို ရည်ရွယ်ကာ အမေရိကန်သည် "တိုင်းပြည်၏ စိတ်ဝိညာဉ်အတွက် တိုက်ခိုက်နေသည့်" အခြေအနေတွင်ရှိနေဆဲဖြစ်ကြောင်း၊ "ဤအလုပ်ကို ပြီးမြောက်ရန်" အချိန်ပို လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။