အာရှ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းကာကွယ်ရေး မဟာမိတ်အဖွဲ့ အစည်းအဝေး ဖွင့်လှစ်

(GMT+08:00)2023-04-26 14:50:03  

အာရှ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းကာကွယ်ရေး မဟာမိတ်အဖွဲ့ အစည်းအဝေးကို ဧပြီလ ၂၅ ရက်နေ့တွင် ရှီးအန်းမြို့၌ ဖွင့်လှစ်ခဲ့ရာ တရုတ်နိုင်ငံတော် ကောင်စီဝင် ရှင်ယီချင်သည် သမ္မတ ရှီကျင့်ဖိန်၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဖတ်ပြပြီး မိန့်ခွန်း ပြောကြားကာ အာရှ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းကာကွယ်ရေး မဟာမိတ်အဖွဲ့ တရားဝင် တည်ထောင်ကြောင်းကို ကြေညာခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ရှင်ယီချင်က သမ္မတ ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် အာရှ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းကာကွယ်ရေး မဟာမိတ်အဖွဲ့ တည်ဆောက်ရေး အပေါ် မျှော်လင့်ချက် ထားရှိပြီး အာရှ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှုများ တွန်းအားပေးရေးနှင့် အာရှ ယဉ်ကျေးမှု ကူးလူးဖလှယ်မှု ဖေါ်ဆောင်ရေး အတွက် ဦးတည်ချက်ကို ညွှန်ပြထားကြောင်း၊ အာရှ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းကာကွယ်ရေး မဟာမိတ်အဖွဲ့ တရားဝင် တည်ထောင်ခြင်းသည် အာရှ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းကာကွယ်မှု တိုးမြှင့်ရေးနှင့် အာရှ ယဉ်ကျေးမှုများ ကူးလူးဖလှယ်မှု နက်ရှိုင်းစေရေးအတွက် အကျိုးပြုမည် ဖြစ်ကြောင်း ပြောကြားပါသည်။