လီချန်သည် တရုတ်-အာဆီယံ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှုနှင့် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးနှစ် ဖွင့်ပွဲအခမ်းအနားသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2023-04-26 14:51:59  

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်သည် ယခုလ ၂၅ ရက်နေ့က တရုတ်-အာဆီယံ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှုနှင့် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်း ဆောင်ရွက်ရေးနှစ်  ဖွင့်ပွဲအခမ်းအနားသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

လီချန်က ယခုနှစ်သည် သမ္မတ ရှီကျင့်ဖိန်က ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ပြီး၊  Belt and Road အတူတည်ဆောက်ရန် အဆိုပြုချက်ကို တင်ပြခဲ့သော ၁၀ နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှုနှင့် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးနှစ်လှုပ်ရှားမှု များကို ကောင်းမွန်စွာ ပြုလုပ်ခြင်းသည် အရေးကြီးသော အနက် အဓိပ္ပါယ်ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။