ရွှေ့ပြောင်းကာကွယ်ပေးသော ယန်စီမြစ်တွင်းနေလပိုင်များကို တရုတ်ပြည်က ပထမဆုံး အကြိမ် ပြန်လွှတ်

(GMT+08:00)2023-04-26 14:53:06  

    ယခုလ ၂၅ ရက်နေ့က ယန်စီမြစ် Tian E Zhou မှ ရွှေ့ပြောင်းကာကွယ်ပေးသော ယန်စီမြစ်တွင်းနေလပိုင် ၄ ကောင်ကို ယန်စီမြစ် ပင်မရေစီးကြောင်းသို့ ပြန်လွှတ်ခဲ့သည်။ ယင်းသည် တရုတ်ပြည်က ပထမဆုံးအကြိမ်အဖြစ် ရွှေ့ပြောင်းကာကွယ်ပေးသော ယန်စီမြစ်တွင်းနေလပိုင်များကို ပြန်လွှတ်ပေးခြင်းဖြစ်သည်။ ယင်းလုပ်ဆောင်ချက်သည် ယန်စီမြစ်တွင်းနေလပိုင်များ အကာအကွယ်နည်းပညာ ဖွံ့ဖြိုးမြှင့်တင်ရန်အတွက် အလွန်အရေးကြီးသည်ဟု သတင်းအရသိရပါသည်။