တရုတ် စီချွမ်း Beichuan ၏ လက်ဖက်ခြောက်လုပ်ငန်း

(GMT+08:00)2023-04-25 15:19:20  

ဧပြီလ ၂၄ရက်နေ့က တရုတ်နိုင်ငံ စီချွမ်းပြည်နယ် Beichuan ချမ်းလူမျိုးကိုယ်ပိုင် အုပ်ချုပ်ရေးခရိုင်တွင် ၁၀ကြိမ်မြောက် ချမ်းလက်ဖက်ခြောက်ပွဲတော်ကို ကျင်းပခဲ့ပါသည်။

၂၀၂၂ခုနှစ်တွင် Beichuan ချမ်းလူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်တွင် လက်ဖက်ခြောက် တန်ချိန် ၁၂၅၀ကျော်ကို အချောကိုင်ပြီး လက်ဖက်ခြောက်အထွေထွေ ကုန်ထုတ်လုပ်မှုတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၄၅၃သန်းရှိခဲ့ပါသည်။ လက်ဖက်ခြောက်လုပ်ငန်း သည် Beichuan ချမ်းလူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင် ကျေးလက်ဒေသတိုးတက်ဖွံ့ဖြိုးရန် ကျောရိုးမဏ္ဍိုင်လုပ်ငန်း ဖြစ်လာပြီဖြစ်ပါသည်။