ပီရူးသမ္မတဟောင်း တိုလီဒိုကို ပီရူးနိုင်ငံသို့ လွှဲပြောင်းပေးအပ်

(GMT+08:00)2023-04-25 15:08:17  

ဒေသစံတော်ချိန် ဧပြီလ ၂၃ ရက်နေ့ နံနက်တွင် ပီရူးသမ္မတဟောင်း အလက်ဂျန်ဒရို တိုလီဒိုကို အမေရိကန်မှ ပီရူးနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ၄င်းသည် အဂတိ လိုက်စားမှုနှင့် ငွေကြေးခဝါချမှု စွပ်စွဲချက်များဖြင့် ပီရူးနိုင်ငံ၏ တရားရေးဌာနတွင် စီရင်ဆုံးဖြတ်ခြင်းကို ခံရမည်ဖြစ်ပါသည်။ ယင်းစွဲဆိုချက်များကို အတည်ပြုပါက တိုလီဒိုအား အမြင့်ဆုံး ထောင်ဒဏ် အနှစ် ၂၀ နှင့် ၆ လအထိ စီရင်ချမှတ်မည်ဖြစ်ပါသည်။