‌ရှေးဟောင်းစာအုပ်များအတွက် Microfracture ပြုလုပ်

(GMT+08:00)2023-04-24 15:53:33  

     ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားခဲ့သည့် အမျိုးသားလေး Cheng Wentao သည် တရုတ် စန်းရှီးပြည်နယ် စာကြည့်တိုက်တစ်ခုမှ ရှေးဟောင်းစာအုပ်များ ပြန်လည်ပြုပြင်မွမ်းမံရေး ဝန်ထမ်းတစ်ဦး ဖြစ်ပါသည်။ ၂၀၁၇ခုနှစ် သူ လုပ်ငန်း စတင်လုပ်ကိုင်ခဲ့သည့်နောက်ပိုင်း ပျက်စီးသွားသော ရှေးဟောင်းစာအုပ်များကို ပြန်လည်ကောင်းမွန်စေခဲ့ပါသည်။ “ပြုပြင်မွမ်းမံရေး ပြုလုပ်ခဲ့တဲ့ ဖြစ်စဉ်အတွင်း သမိုင်းနဲ့ ဆွေးနွေးနေသလို ခဏခဏခံစားမိပါတယ်”ဟု Cheng Wentaoက ဆိုသည်။ မိမိ၏ လက်ဖြင့် ဖုံးကွယ်ထားသော သမိုင်းကို ပြန်လည်အသက်ဝင်စေခြင်းဟာ သူ့အတွက်  အပြည့်စုံဆုံးအောင်မြင်မှုပင်ဖြစ်ပါသည်။