နယ်စပ်ဖြတ်ကျော် e-commerce သည် နိုင်ငံခြားကုန်သွယ်မှုအတွက် တိုးတက်မှုတစ်ခုဖြစ်လာ

(GMT+08:00)2023-04-24 15:49:40  

ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce သည် အရှိန်အဟုန်ဖြင့် တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ နောက်တစ်ဆင့် တွင် ဌာနအများအပြားသည် ကုမ္ပဏီများအား အမှာစာအသစ်များရရှိရန်နှင့် ပြည်ပ ဈေးကွက်များကို ရှာဖွေရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးတွင် ဧပြီလ ၂၃ ရက်နေ့က ပြုလုပ်သည့် မူဝါဒဆိုင်ရာ ရှင်းလင်းပွဲ၌ ကုန်သွယ်ရေး ဝန်ကြီးဌာန သက်ဆိုင်ရာတာဝန်ခံက ပြောကြားခဲ့ ပါသည်။မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ၏ သွင်းကုန်ပို့ကုန်စုစုပေါင်းပမာဏသည် လွန်ခဲ့သည့်နှစ်အလားတူအချိန်ပိုင်းကထက် ၄.၈ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။