၃ လ ပိုင်း ၃ ရက်နေ့တွင် ဆံပင်ရှည်ပွဲကို ဆင်နွှဲကြသည့် အနီယော်လူမျိုးများ

(GMT+08:00)2023-04-23 15:02:47  

ဧပြီလ ၂၂ ရက်နေ့သည် တရုတ် ရိုးရာသက္ကရာဇ် ၃ လပိုင်း ၃ ရက်နေ့ဖြစ်၍ ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ကွေ့လင်မြို့ ယော်လူမျိုးရွာတွင် ၃ လပိုင်း ၃ ရက်နေ့ လုံကျည် ဆံပင်ရှည် ပွဲတော်ကို ဆင်နွှဲကြပြီး ခရီးသည်များကို ဆွဲဆောင်နေသည်။ အနီယော် အမျိုးသမီးများသည် ဆံပင်အရှည် ထားသည့်ဓလေ့ရှိပြီး ပျမ်းမျှအားဖြင့် ၁.၇ မီတာရှည်ကာ အရှည်ဆုံးကတော့ ၂.၇၂ မီတာရှည်သည်။