ဟာနီ လှေကားထစ် လယ်စိုက်ခင်းတွင် ကျင်းပသော ရိုးရာအခမ်းအနားများ

(GMT+08:00)2023-04-23 15:04:42  

ဧပြီလ ၂၂ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် Honghe ခရိုင်တွင် ဒေသခံ ဟာနီလူမျိုးတို့သည် မျိုးကြဲခြင်းကို ကြိုဆိုရန် ရိုးရာအခမ်းအနားများကို ကျင်းပပြီး နွေဦးထွန်ယက်ခြင်းကို တရားဝင်စတင်လိုက်ပါသည်။ ဟာနီလူမျိုးတို့သည် လှေကားထစ် လယ်စိုက်ခင်းတွင် ပူဇော်ခြင်းနှင့် အကကခြင်း စသည့် ရိုးရာအခမ်းအနားများကို ကျင်းပပြီး ရာသီဥတုကောင်းမွန်ရန်နှင့် သီးနှံအထွက်ကောင်းရန် ဆုမွန်ကောင်းတောင်းသည့် တစ်ချိန်တည်းတွင် ခရီးသည်များအား နှစ်ထောင်ပေါင်းများစွာမှစ၍ ဆင်းသက်လာခဲ့သည့် ဟာနီလူမျိုးတို့၏ ရိုးရာလယ်ယာထွန်ယက်ခြင်း ယဉ်ကျေးမှုကိုလည်း ပြသခဲ့ကြပါသည်။