ရုရှားက ဂျာမန်သံတမန်များအား နှင်ထုတ်ရန် ကြေညာ

(GMT+08:00)2023-04-23 15:05:08  

  ဂျာမနီနိုင်ငံရှိ ရုရှားသံတမန်များအား အကြီးအကျယ် ထပ်မံ နှင်ထုတ်ရန် ဂျာမနီ အစိုးရ၏ ရန်လိုသော လုပ်ရပ်ကြောင့် ရုရှားအနေနှင့် ရုရှားနိုင်ငံရှိ ဂျာမန်သံတမန်များအား နှင်ထုတ်ရန် အစီအမံများ တုံ့ပြန်ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး၊ ရုရှားရှိ ဂျာမန်သံတမန်၏ အများဆုံးအရေအတွက်ကို ကန့်သတ်သွားမည်ဖြစ်ကြောင်း၊ ရုရှားရှိ ဂျမန်သံတမန် ၂၀ ကျော် တို့ကို နှင်ထုတ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ ယခုလ ၂၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။