ကန် နယူးယောက်တွင် လေးထပ်တိုက် ကားပါကင် တစ်ခု ပြိုကျ

(GMT+08:00)2023-04-23 15:04:19  

ဧပြီလ ၁၈ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ Manhattan Downtown ရှိ ကားပါကင်တစ်ခုတွင် ပြိုကျမှု ဖြစ်ပွားသဖြင့် လူတစ်ဦးသေဆုံးပြီး လူ၅ဦးဒဏ်ရာရရှိခဲ့ ပါသည်။ နယူးယောက်မြို့ အဆောက်အအုံရေးရာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် Kazimir Vilenchik က အဆိုပါကားပါကင်သည် လေးထပ်တိုက်အဆောက်အအုံတစ်ခု ဖြစ်ပြီး မြေအောက်ခန်းအထိ ပြိုကျခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ နယူယောက်မြို့ မြို့တော်ဝန် Eric Adams က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အရေးအခင်းဖြစ်ပွားသည့် အကြောင်းရင်းကို မသိရသေး ကြောင်း၊ အင်ဂျင်နီယာများသည် အဆောက်အအုံ၏ ဖွဲ့စည်းပုံတည်ငြိမ်မှုကို စစ်ဆေး နေကြကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။