ကွမ်ရှီးကွေ့လင်မြို့ လီကျန်း- မြစ်ပေါ်ရှိ တောင်နှင့် မြစ်ရှုခင်းသာတွင် အချီအချ တေးဆိုပွဲ ကျင်းပ

(GMT+08:00)2023-04-23 15:05:36  

ယခုလ ၂၂ ရက်နေ့က ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ကွေ့လင်မြို့ လီကျန်း-မြစ်ပေါ်ရှိ တောင်နှင့် မြစ်ရှုခင်းသာတွင် အချီအချ တေးဆိုပွဲတစ်ရပ်ကို ပြုလုပ် လျက်ရှိပါသည်။ လူမျိုးစု ဝတ်စုံကို ၀တ်ဆင်ထားသော သရုပ်ဆောင်များသည် လီကျန်းမြစ်တွင် ကြယ်ငါးပွင့် အပျော်စီးသင်္ဘောကို စီးပြီး မြစ်တစ်လျှောက်တွင် တောဓလေ့ သီချင်းများ သီဆိုကာ ခရီးသွားများနှင့် ပျော်ရွှင်မှုများ ဖလှယ်ခြင်းဖြင့် ကွမ်ရှီး ထူးခြားချက်ပါရှိသော “၃လပိုင်း ၃ရက်နေ့” ပွဲတော်ကို နွှဲပျော်ခဲ့ကြပါသည်။