ရှီကျင့်ဖိန်သည် အကြိမ် ၂၀ြ် မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံ နက်ရှိုင်းစေရေး ကော်မရှင် ပထမဆုံး အကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပ

(GMT+08:00)2023-04-23 15:06:36  

ယခုလ ၂၁ရက်နေ့ ညနေပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံ နက်ရှိုင်းစေရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အကြိမ် ၂၀  မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံ နက်ရှိုင်းစေရေး ကော်မရှင် ပထမဆုံး အကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

၎င်းက ယခုနှစ်သည် တရုတ် ကွန်မြူနစ် ပါတီ အကြိမ် ၂၀  မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ အနှစ်သာရများကို ဘက်စုံ ကျင့်သုံးဆောင်ရွက်သည့် ပထမနှစ် ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု မူဝါဒ ကျင့်သုံးခဲ့သည့် ၄၅နှစ် ပြည့်မြောက်သည့် နှစ်လည်း ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှု ဘက်စုံ နက်ရှိုင်းစေရေးကို တရုတ် ပုံစံ ခေတ်မီရေး အတွက် အရင်းခံ တွန်းအားပေးမှု အဖြစ် ထားပြီး ခရီးစဉ်သစ်တွင် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။