ဖိလစ်ပိုင်၌ နေကြတ်ခြင်းကို စောင့်ကြည့်

(GMT+08:00)2023-04-22 17:49:38  

ဧပြီလ ၂၀ရက်နေ့က မိုးကောင်းကင်တွင် ထူးဆန်းသောနေကြတ်ခြင်းဖြစ်သည့် နေသဗ္ဗကြတ်ခြင်း ပေါ်လာခဲ့ပါသည်။

ဧပြီလ ၂၀ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ Quezonမြို့ မိုးကောင်းကင်တွင် နေကြတ်ခြင်း ပေါ်လာခဲ့ပါသည်။ ယခုအကြိမ် နေကြတ်ခြင်းသည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှနေ သြစတြေးလျ၏ Exmouth၊ အရှေ့တီမော၏အရှေ့တောင်ပိုင်း၊ အင်ဒိုနီးရှား၏ Papua ပြည်နယ်ကို ဖြတ်ကျော်ပြီး ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းအထိ ပြီးစီးခဲ့ပါသည်။