“တရုတ်အသွင်ပုံစံခေတ်မီရေးနှင့် ကမ္ဘာကြီး” Blue Hall ဖိုရမ်၊ ခေတ်မီရေးတစ်ဖက်ကမ်းသို့ရောက်ရှိပြီး နောက် မြစ်ကူးတံတားကိုဖြိုချခြင်း မလုပ်ရဟု ချင်ကန်းဆို

(GMT+08:00)2023-04-21 16:06:28  

“တရုတ်အသွင်ပုံစံခေတ်မီရေးနှင့် ကမ္ဘာကြီး” Blue Hall ဖိုရမ်ကို ၂၁ ရက်နေ့က ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့သည်။ဖိုရမ်တွင်တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ခေတ်မီရေးသည် နိုင်ငံတိုင်း၏ ဖျက်သိမ်းလို့ မရသော အခွင့်အရေးဖြစ်ပြီး နိုင်ငံအနည်းစု၏ လက်ဝါးကြီးအုပ်ထားသော သီးသန့်အခွင့်အရေးမဟုတ်ကြောင်း၊ ခေတ်မီရေး၏တစ်ဖက်ကမ်းကိုရောက်ရှိပြီးနောက် မြစ် ကူးတံတားကို ဖြိုချပြီး အခြားနိုင်ငံများ ခေတ်မီရေးဖေါ်ဆောင်ရန်အပေါ် အဟန့်အတားများ ချထားခြင်း မပြုလုပ်ရကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံကြီး အားပြိုင်မှုမျိုးကို မပြုလုပ်ကြောင်း၊ မိမိတို့် ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်သည်မှာ ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားနှင့် ပိုမိုကောင်းမွန်သော နေထိုင်မှုဘဝရရှိရန် တရုတ်ပြည်သူများ၏ အခွင့်အရေးပင်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။