ရှီကျင့်ဖိန်သည် ကျူးဘားသမ္မတအဖြစ် ဆက်လက်ရွေးချယ်ခံရသည့် Diaz-Canel အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2023-04-21 15:46:26  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအတွင်းရေးမှူး၊ ကျူးဘားနိုင်ငံသမ္မတ Diaz-Canel ကျူးဘားသမ္မတအဖြစ် ဆက်လက် အရွေးခံရခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

သမ္မတရှီကျင့်ဖိန်က လက်ရှိအချိန်တွင် တရုတ်-ကျူးဘား ဆက်ဆံရေးသည် လွန်စွာ ကောင်းမွန်နေပြီး တိုးတက်မှုသစ်ကို အဆက်မပြတ်ရရှိခဲ့ကြောင်း၊  တရုတ်-ကျူးဘားဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားပြီး ဥက္ကဋ္ဌ Diaz-Canel နှင့် ရင်းနှီးစွာ ကူးလူးဆက်ဆံလိုကြောင်း၊ တရုတ်နှင့်ကျူးဘားနှစ်နိုင်ငံနှင့် ပါတီနှစ်ရပ်အကြား ဆက်ဆံရေးအတွက် နိုင်ငံရေး ဦးဆောင်မှုအား ဆက်လက် အားသစ်လောင်းပေးမည်ဖြစ်ပြီး တရုတ်-ကျူးဘား ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲတည်ဆောက်လိုပါကြောင်း ဖေါ်ပြပါသည်။