ယူကရိန်းအတွက် အမေရိကန် အစိုးရသည် လက်နက်များ ဆက်လက် ထောက်ပံ့ပေးနေပြီး အမေရိကန် လက်နက် ရောင်းဝယ်သူများသည် စစ်ပွဲကြောင့် ငွေအများအပြား ရယူ

(GMT+08:00)2023-04-21 15:58:48  

အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံအား လက်နက်များ ဆက်လက်ထောက်ပံ့ပေးနေပြီး ပဋိပက္ခကို တိုးမြှင့်စေသလို အမေရိကန် လက်နက်ရောင်းဝယ်သူများသည်လည်း ယင်းကြောင့် လက်နက်မှာယူမှုများစွာတိုးများ၍ ယူကရိန်းအကျပ်အတည်းမှ အကျိုးအမြတ် များစွာ ရရှိခဲ့ပါသည်။ယူကရိန်းအကျပ်အတည်း ပြင်းထန်လာချိန်မှစ၍ အမေရိကန် စစ်တပ်သည် ယူကရိန်းသို့ ၁၅၅ မီလီမီတာ အမြောက်ကျည်ပေါင်း တစ်သန်းကျော် ပေးပို့ခဲ့သည်။အမေရိကန် ကြည်းတပ်သည်  ၁၅၅ မီလီမီတာ အမြောက်ကျည်များ ထုတ်လုပ်မှုကို တိုးချဲ့ရန် ဒေါ်လာ ၁ ဒသမ ၄၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု စီစဉ်ထားပြီး ယခုနှစ်နှောင်းပိုင်းတွင် တစ်လလျှင် ၁၄၀၀၀ မှ ၂၄၀၀၀ အထိ တိုးကာ ငါးနှစ်အတွင်း ထုတ်လုပ်မှု သုံးဆအထိ တိုးမြှင့်မည်ဖြစ်ပါသည်။