ရှီကျင့်ဖိန်သည် “တရုတ်အသွင်ပုံစံခေတ်မီရေးနှင့် ကမ္ဘာကြီး” Blue Hall ဖိုရမ်သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2023-04-21 15:32:15  

ဧပြီလ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရှန်ဟိုင်း “အပြည်ပြည် ဆိုင်ရာ ဧည့်ခန်းမဆောင်ကြီး”၌ ကျင်းပသော “တရုတ်အသွင်ပုံစံခေတ်မီရေးနှင့် ကမ္ဘာကြီး” Blue Hall ဖိုရမ်သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က နိုင်ငံ တစ်နိုင်ငံသည် ခေတ်မီရေး ဖော်ဆောင်လိုပါက ခေတ်မီရေး ဆိုင်ရာ ဥပဒေသများကို လိုက်နာရမည့်အပြင် ကိုယ့်နိုင်ငံ၏ လက်တွေ့အခြေအနေနှင့် ကိုက်ညီပြီး ကိုယ့်နိုင်ငံ၏ ထူးခြားချက် ဝိသေသလည်း ပါရှိရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ နိုင်ငံအသီးသီးနှင့်အတူ တရုတ်အသွင်ပုံစံ ခေတ်မီရေး အောင်မြင်မှုသစ်များဖြင့် ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များကို အစွမ်းကုန် ဖန်တီးပေးပြီး လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးလိုပါကြောင်း ဖော်ပြပါသည်။

ယခုအကြိမ် ဖိုရမ်သို့ နိုင်ငံ ၈၀ ခန့်မှ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်အဖွဲ့နှင့် မီဒီယာများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။