၂၄ကြိမ်မြောက်တရုတ်(ရှို့ကွမ်း)နိုင်ငံတကာဟင်းသီးဟင်းရွက်ဆိုင်ရာ သိပ္ပံနည်းပညာကုန်စည်ပြပွဲ တွင် ဟင်းသီးဟင်းရွက် အမျိုးပေါင်း ၂၀၀၀ကျော် ပြသ

(GMT+08:00)2023-04-21 15:49:34  

ယခုလ ၂၀ရက်နေ့က ၂၄ကြိမ်မြောက်တရုတ်(ရှို့ကွမ်း)နိုင်ငံတကာဟင်းသီးဟင်းရွက်ဆိုင်ရာ သိပ္ပံ နည်းပညာကုန်စည်ပြပွဲကို "မြစိမ်းရောင်၊ သိပ္ပံနည်းပညာ၊ အနာဂတ်"ဖြစ်သည့် ဆောင်ပုဒ်ဖြင့် ရှို့ကွမ်းမြို့ ဟင်းသီးဟင်းရွက်သိပ္ပံနည်းပညာစံပြစခန်းတွင် ဖွင့်လှစ်ခဲ့ပါသည်။ ဤကုန်စည်ပြပွဲ၏ ပင်မပြပွဲဧရိယာ စုစုပေါင်းသည် စတုရန်းမီတာ ၄၅၀၀၀၀ ရှိပြီး ထိပ်တန်းနည်းပညာကို အသုံးပြုကာ ဟင်းသီးဟင်းရွက် အမျိုးအစားပေါင်း ၂၀၀၀ကျော်ကို ပြသထားပါသည်။