တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် အလွန်ပူပြင်းသော ရာသီဥတု ကြုံတွေ့

(GMT+08:00)2023-04-21 15:59:29  

   ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ Tak ပြည်နယ်တွင် ၁၅ ရက်နေ့ အပူချိန်မှာ ၄၄.၆ ဒီဂရီစင်တီဂရိတ် ရှိပြီး သမိုင်းတွင် အမြင့်ဆုံး စံချိန်နှင့် တူညီကြောင်း ထိုင်း မိုးလေဝသဌာနက ၁၉ ရက်နေ့မှာ ကြေညာခဲ့ပါသည်။ မကြာခင်ရက်များအတွင်း ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများတွင် အလွန် ပူပြင်းသော ရာသီဥတု ကြုံတွေ့ခဲ့ရပြီး လာမည့် ကာလအတွင်းမှာ လည်း ပူပြင်းဦးမည်ဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းထားပါသည်။

     ရာသီဥတု ပူပြင်းလွန်း၍ အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသ Tripuraပြည်နယ်နှင့် အရှေ့ပိုင်းဒေသ West Bengal ပြည်နယ်များတွင် ကျောင်းများ ယာယီပိတ်ထားကြောင်း ကြေညာခဲ့သည်။

        လွန်ခဲ့သည့် တစ်ပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာသီဥတုအပူချိန်သည် နှစ်ပေါင်း ၆၀ နီးပါးအတွင်း အမြင့်ဆုံးဖြစ်ကြောင်း၊ ဒါကာမြို့တော်တွင် ယခုသီတင်းပတ်အတွင်း အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ရှိပြီး အပူဒဏ်မှ သက်သာစေရန်အတွက် များပြားသော ဒေသခံပြည်သူများက ပန်းခြံများသို့သွားကြကြောင်း AFP မှ သတင်းအရ သိရပါသည်။