“တရုတ်အသွင်ပုံစံခေတ်မီရေးနှင့် ကမ္ဘာကြီး” Blue Hall ဖိုရမ်၊ တရုတ်နိုင်ငံ၏ နယ်မြေ ပြန်လည်ရရှိပြီးနောက် မည်သည့်အခါမှ ဆုံးရှုံးသွားမည်မဟုတ်ဟုချင်ကန်းဆို

(GMT+08:00)2023-04-21 16:06:16  

“တရုတ်အသွင်ပုံစံခေတ်မီရေးနှင့် ကမ္ဘာကြီး” Blue Hall ဖိုရမ်ကို ၂၁ ရက်နေ့က ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့သည်။ဖိုရမ်တွင်တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ထိုင်ဝမ် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်းသည် ဒုတိယကမ္ဘာစစ်ပြီးနောက် နိုင်ငံတကာ စည်းစနစ်၏ အစိတ်အပိုင်းဖြစ်ကြောင်း၊ ယနေ့တွင် နိုင်ငံတကာစည်းမျဉ်း စည်းကမ်းများကိုဖောက်ဖျက်ပြီး လက်ရှိအနေအထားကို တစ်ဖက်သတ်ပြောင်းလဲကာ ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်မှုကို ဖျက်ဆီးသူသည် တရုတ်ပြည်မကြီးမဟုတ်ဘဲ ထိုင်ဝမ်သီးခြားတည်ရှိရေး အင်အားစုနှင့် ထိုင်ဝမ်သီးခြားတည်ရှိရေးကို အသုံးပြုရန် ကြံဆသည့် နိုင်ငံအနည်းစုဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ နယ်မြေ ပြန်လည်ရရှိပြီးနောက် မည်သည့်အခါမှ ဆုံးရှုံးသွားမည်မဟုတ်ကြောင်း၊ ဒုတိယကမ္ဘာစစ်ပြီးနောက် နိုင်ငံတကာ စည်းစနစ်ကို မည်သည့်အခါမှ တွန်းလှန်ပစ်လို့ မရကြောင်း ပြောကြားခဲ့ပါသည်။