ဆူဒန်တွင် သုံးရက်ကြာ အပစ်အခတ် ရပ်စဲရန် ဂူတာရက်စ် ပန်ကြား

(GMT+08:00)2023-04-21 15:52:55  

ဒေသစံတော်ချိန် ဧပြီလ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ကြေညာချက် ထုတ်ပြန်ပြီး အာဖရိကသမဂ္ဂ၊ အာရပ်နိုင်ငံများအဖွဲ့ချုပ်၊ အရှေ့ အာဖရိက အစိုးရချင်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ဥရောပသမဂ္ဂနှင့် နိုင်ငံများစွာမှ ကိုယ်စားလှယ်များနှင့် ဗွီဒီယို အစည်းအဝေး ကျင်းပခဲ့ပြီးနောက် အစည်းအဝေး တက်ရောက်ခဲ့သော အဖွဲ့အစည်းအသီးသီးတို့သည် ဆူဒန်တွင် တိုက်ခိုက်မှုများ ရပ်စဲရေးနှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိကြောင်း ဖော်ပြခဲ့ပါသည်။

ဂူတာရက်စ်က အငြင်းပွားမှု ဖြစ်ပွားနေသောဒေသရှိ အရပ်သူအရပ်သားများကို အခြားနေရာသို့ ထွက်ခွာပြီး ဆေးကုသမှု၊ အစားအသောက်များ ရှာကြံစေဖို့ အတွက် အငြင်းပွားနေသော အဖွဲ့အစည်းအသီးသီးတို့အား သုံးရက်ကြာ အပစ်အခတ် ရပ်စဲရန်၊ ယင်းကို ရေရှည် အပစ်အခတ်ရပ်စဲရေး၏ ပထမ ခြေလှမ်း တစ်လှမ်း အဖြစ် ထားရန် ပန်ကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။