အမေရိကန် မောင်းသူမဲ့သင်္ဘော Hormuz ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်သန်း

(GMT+08:00)2023-04-20 16:57:09  

ဒေသစံတော်ချိန် ဧပြီလ ၁၉ ရက်နေ့တွင် Hormuz ရေလက်ကြား၌ အမေရိကန်ရေတပ်မှ L3 Harris Arabian Fox Mast-13 မောင်းသူမဲ့သင်္ဘောနှင့် အမေရိကန်ကင်းလှည့်သင်္ဘောနှစ်စင်းသည် Hormuz ရေလက်ကြားကို အတူဖြတ်သန်းခဲ့ကြသည်။ ဤသည်မှာ အမေရိကန် မောင်းသူမဲ့သင်္ဘောမှ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှုအတွက် အရေးပါသော ရေလမ်းကြောင်းကို ပထမဆုံးအကြိမ် ဖြတ်သန်းခြင်းဖြစ်ပြီး အမေရိကန်ရေတပ်သည် အီရန်စစ်တပ်နှင့် ဤနေရာတွင် မကြာခဏ ပဋိပက္ခ ဖြစ်ပွားလေ့ရှိသည်။